International News

စီးပွားရေးအကျပ်အတည်းအတွက် အပိုထပ်ဆောင်းဘတ်ဂျက်အဖြစ် အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံကျော် တိုးမြှင့်ရန် ဂျပန်စီစဉ်နေ

Last Updated:

ဂျပန်အစိုးရသည် ဧပြီလ ၁ ရက်နေ့တွင် စတင်ခဲ့သည့် ဘဏ္ဍာရေးနှစ်သစ်အတွင်း ကိုရိုနာ အကျပ်အတည်းကြောင့် စီးပွားရေးထိခိုက်မှုမှ ကာမိစေရန်ထပ်ဆောင်း ဘတ်ဂျက်အဖြစ် အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံကျော်ကို တိုးမြှင့်ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ပါသည်။

 ယခု ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ထပ်ဆောင်းဘတ်ဂျက်သည် အမေရိကန်ဒေါ်လာ ၂၃၀ ဘီလီယံကျော် ဖြစ်လာပြီး ၎င်းဘတ်ဂျက်မှ အမေရိကန် ဒေါ်လာ ၁.၁ ထရီလီယံခန့်တန်ဖိုးရှိသည့် အရေးပေါ်စီးပွားရေးအစီအမံများကို ပံ့ပိုးဆောင်ရွက်သွားရန် ပြင်ဆင်နေပါသည်။

အဆိုပါ အစီအစဉ်များတွင် ဂျပန်တွင် နေထိုင်ခွင့်မှတ်ပုံတင်ထားသည့် လူများအတွက် ယန်းတစ်သိန်း ပံ့ပိုးပေးမည့် အစီစဉ်လည်းပါဝင်ပါသည်။ ဂျပန်အစိုးရအဖွဲ့ အနေဖြင့် ဘတ်ဂျက်လိုငွေပြမှုမှ ကာမိစေရန် ငွေချေးစာချုပ်များကို ထပ်မံရိုက်နှိပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုနှစ်အတွင်း ထုတ်ဝေမည့် ငွေချေးစာချုပ်များ၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၄၀ ဘီလီယံ ခန့်ရှိကြောင်းနှင့် ဂျပန်၏ နှစ်စဉ်ဝင်ငွေ၏ ၄၅ % ကျော်သည် အစိုးရငွေချေးစာချုပ်များမှ ရရှိသည့် ရန်ပုံငွေအပေါ် မှီတည်နေခြင်းဖြစ်ကြောင်း သိရပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ )

Category: International News